{ ဘူးသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ }



မြန်မာလူမျိုးတွေရဲ့  မီးဖိုချောင် ထဲမှာ အတွေ့ရများတဲ့ ဘူးသီးဟာ သွေးတိုး ကျစေတဲ့ အစွမ်းနဲ့ နှလုံးရောဂါ သက်သာစေတဲ့ အစွမ
်းရှိတယ်လို့ ဆိုကြပါ တယ်။ ဘူးသီးကို ဟင်းခါး အဖြစ် ကျိုချက် သောက်သုံးကြသလို ဘူးသီးကို ပြုတ်ပြီး တို့စားတာ၊ သုပ်စားတာမျိုးလည်း ပြုလုပ်ကြပါတယ်။ ဘူးသီးကို စားပေးတာကြောင့် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

၁။ အသည်းရဲ့  လုပ်ငန်းဆောင်တာတွေကို ဟန်ချက်ညီစေပါတယ်

ဘူးသီးမှာ ပြည့်ဝဆီနဲ့ ကယ်လိုရီ ပါဝင်မှု နည်းပါတယ်။ အမျှင်ဓာတ်၊ ဗီတာ မင်စီ၊ ရိုင်ဘိုဖလေဗင်၊ ဇင့်(သွပ်)၊ သိုင်ယာ မင်၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်မှု များပါတယ်။ ဒါကြောင့် အသည်းကို သန့်စင် စေတာ၊ ပြန်လည် အားဖြည့်ပေးတာနဲ့ အယ်လ်ကိုဟောကြောင့် ထိခိုက်မှုကို ကာကွယ်ပေး တာတို့ လုပ်ဆောင်ပေးပါတယ်။

၂။ ဆံပင်ဖြူတာကို လျော့ကျစေပါတယ်

ဘူးရွက်ကရတဲ့ အရည်ဟာ အသားဝါတာကို သက်သာစေပြီး ဘူးသီးအရည် ကတော့ ဆံပင်ဖြူတာကို လျော့ကျစေ တယ်လို့ ဆိုကြပါတယ်။

၃။ နုံးချည့်ညောင်းညာမှု သက်သာစေပါတယ်

ဘူးသီးကို စားပေးတာကြောင့် နုံးချည့်ညောင်းညာမှု လျော့ကျစေပြီး လန်းဆန်းစေပါတယ်။ အထူးသဖြင့် ပူပြင်းတဲ့ ရက်တွေမှာ လန်းဆန်းစေ ပါတယ်။

၎။ အစာမကြေတဲ့ ဝေဒနာကို လျော့ကျစေပါတယ်

ဘူးသီးဟာ အယ်လ်ကာလိုင်း ဂုဏ်သတ္တိရှိတာကြောင့် အက်စစ်ဓာတ်လွန် ကဲမှု၊ အစာမကြေတာနဲ့ အစာအိမ် အနာတို့ကို သက်သာစေတယ်လို့ ဗပကမလနိကေ မှတ်ချက်ပေးထားပါတယ်။

၅။ စိတ်စွဲလွန်ဝေဒနာကို သက်သာစေပါတယ်

ဘူးသီးဟာ နာ့ဗ်ကြောတွေကို အား ကောင်းတဲ့အတွက် အလုပ်တစ်ခုခုကို ထပ်ခါတလဲလဲ လုပ်တတ်တဲ့ စိတ်စွဲလွန် ဝေဒနာ (OCD) ကို လျော့ကျစေ ပါတယ်။ ဆေးဝါးဗေဒဂျာနယ်ရဲ့ လေ့လာမှုအရ ဘူးသီးမှာ စိတ်စွဲ လွန်ဝေဒနာကို လျော့ကျစေတဲ့ အစွမ်းရှိတယ်လို့ သိရပါတယ်။

၆။ ကိုယ်အလေးချိန်ကို လျော့ကျ စေပါတယ်

ဘူးသီးမှာ ရေဓာတ် ၉၆ ရာခိုင်နှုန်း ပါဝင်တာကြောင့် ဘူးသီး ၁၀ဝ ဂရမ်စား တဲ့အခါ ၁၂ ကယ်လိုရီပဲ ရရှိပါတယ်။ဒါကြောင့် ကိုယ်အလေးချိန် လျော့ကျ စေတဲ့ အစားအစာ တစ်မျိုးအဖြစ် အသိအမှတ် ပြုထားပါတယ်။

၇။ အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်

ဘူးသီးမှာ သိုင်ယာမင်၊ ဗီတာမင်စီ၊ ဇင့်(သွပ်)၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ များ စွာ ပါဝင်တဲ့အတွက် အထွေထွေ ကျန်း မာရေးကို ကောင်းမွန်စေပါတယ်။

၈။ မျက်စိကျန်းမာရေးကို ကောင်းမွန်စေပါတယ်

ဘူးသီးမှာ ဘီတာကယ်ရိုတင်း ပမာဏများစွာ ပါဝင်တဲ့အတွက် မျက်စိအမြင် အာရုံကို ကောင်းမွန်စေပါတယ်။ ဘူး သီးဟာ အစာအိမ်ဝေဒနာ၊ အစာအိမ်အူ လမ်းကြောင်း ပိုးဝင်တာနဲ့ လိပ်ခေါင်းစ တာတွေကိုလည်း သက်သာစေ ပါတယ်။ ဘူးသီးမှာ သွေးတွေကို သန့်စင်စေတဲ့ အာနိသင်လည်း ရှိတာ ကြောင့် ရောဂါအ များစုကို တွန်းလှန်ပေးနိုင်ပါတယ်။

၉။ သွေးတွင်းသကြားဓာတ် ပမာဏကို လျော့ကျစေပါတယ်

သတင်းလေးများဆုံဆည်းရာ

~ခေါက်ဆွဲခြောက်ထုတ်များအား ရောနှောစားသုံးသင့်ဟု ပညာရှင်တို့အကြံပြု~





အသင့်စားခေါက်ဆွဲခြောက်ထုတ်များတွင် လူ့ကျန်းမာရေးအတွက်အကျိုးရှိသည့် အမျှင်ဓါတ်၊ ဗီတာမင်ဓါတ်နှင့် သတ္တုဓါတ်များ မပါဝင်သလောက် နည်းပါးပြီး အန္တရာယ်ပေးနိုင်သော သကြားဓါတ်၊အချိုမှုန့်ဓါတ်နှင့်ဆိုဒီယမ်ဓါတ်များပါဝင်မှုနှုန်းမြင့်မားသည့်အတွက် ရေရှည်စားသုံးပါက အ၀လွန်ရောဂါရရှိနိုင်သည့် အပြင် ကျန်းမာရေးအား အလွန်ထိခိုက်နိုင်သည်ဟု အထွေထွေရောဂါကု ဆရာဝန်ဒေါက်တာမြင့်ဦးက ဆိုသည်။

"လူတစ်ယောက်အတွက် နေ့စဉ်ပုံမှန်စားသုံးတဲ့ အစားစာထဲမှာ ပရိုတိန်း(၂၃)၊အဆီ(၂၈) ၊ ကာဗိုဟိုက် ဒြိတ်(၅၅)ရာခိုင်နှုန်းပါဝင်နေဖို့လိုအပ်ပါတယ်။ဒါပေမယ့် ခေါက်ဆွဲခြောက်မှာ ၉။ ၃၆။ ၅၅ ဖြစ်နေတဲ့အတွက် ပရိုတိန်းဓါတ်က နည်းပြီး ကာဗိုဟိုက်ဒြိတ်နဲ့ အဆီတွေများ လွန်းနေပါတယ်။ ခေါက်ဆွဲခြောက်ဟာ Junk Food လို့ ခေါ်တဲ့ အစားအစာအမျိုးအစားထဲမှာ ပါဝင်နေတဲ့အတွက်ကျန်းမာရေးနဲ့မညီညွတ်ပါဘူးအချိန်မရလို့ ခေါက်ဆွဲခြောက်ကို ရေနွေးထဲမှာ ၃ မိနစ်စိမ်ပြိး စားသုံးရတော့မယ့်ဆိုရင် ဟင်းသီးဟင်းရွက်၊ အသား၊ ငါး တစ်ခုခုနဲ့ ရောနှော စားသုံးဖို့ အကြံပြုလိုပါတယ် "ဟု အထွေထွေရောဂါကုဆရာဝန် ဒေါက်တာမြင့်ဦးက ပြောသည်။

လူတစ်ယောက်အတွက် ဆိုဒီယမ်ဓါတ် တစ်နေ့တာ လိုအပ်ချက်မှာ ၁၅၀၀ မီလီဂရမ်သာရှိကြောင်းနှင့် ခေါက်ဆွဲခြောက် တစ်ထုတ်တွင် ဆိုဒီယမ်ဓါတ် ၂၇၀၀ အထိ ပါဝင်နေသောကြောင့် ရေရှည်စားသုံးပါကအ၀လွန် ရောဂါစွဲကပ်နိုင်သည့်အပြင် သွေးတိုးရောဂါ၊ နှလုံးရောဂါနှင့် ကျောက်ကပ်ဝေဒနာရှင်များ စားသုံးရန် မသင့်လျော်ဟု ၎င်းက ဆက်ပြောသည်။

"အသင့်စား အစားအစာတွေက ကြာရှည်ခံအောင် ဓာတုပစ္စည်းတွေနဲ့ လုပ်ထားတဲ့အတွက် ကျန်းမာရေး အတွက် မကောင်းဘူးဆိုတာတော့ သိတယ် ဒါပေမယ့် ခေါက်ဆွဲပြုတ်စားရတာက အချိန်ကုန်လည်း သက်သာတယ် ငွေကုန်လည်းသက်သာတယ် ညဘက် အိမ်ပြန်ရောက်ရင် လွယ်လွယ်ကူကူ ခေါက်ဆွဲပဲ ပြုတ်စားလိုက်တာ များတယ် ခေါက်ဆွဲပြုတ်စားတာများရင် ဆံပင်ကျွတ်တယ်လို့တော့ ကြားဘူးတယ်"ဟုစမ်းချောင်းမြို့နယ်နေလူငယ်တစ်ဦးက ပြောသည်။

အသင့်စား ခေါက်ဆွဲခြောက်များကို ဂျပန်နိုင်ငံတွင် အဓိကခေါက်ဆွဲခြောက် ထုတ်လုပ်သည့် Nissin Foods ကုမ္ပဏီတည်ထောင်သူ မိုမိုဖူကူအန်တိုက ၁၉၅၈ ခုနှစ်တွင် တီထွင်ခဲ့ခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းခေါက်ဆွဲခြောက်ထုတ်ရောင်းအားမှာ ၁၀၁ ဒသမ ၄ ဘီလျံရှိကြောင်း ဂျပန် အခြေစိုက် ကမ္ဘာ့ခေါက်ဆွဲခြောက်အသင်း World Instant Noodles က ထုတ်ပြန်ထားသည်။

အသားအရေ ပျက်စီးရသော အကြောင်းရင်းနှင့် ပြန်လည် ပြုပြင်နည်းများ



ကောင်းမွန်လှပတဲ့ အရေပြား ဆိုတာအပြစ်အနာ အဆာ ကင်းပြီးချောမွေ့ တင်းရင်းနေ တာမျိုးပါ။ အသား အရေ ပျက်စီးပြီ ဆိုရင်တော့ အရေပြား ခြောက်သွေ့ နေတတ်တာ၊ ကြမ်းတမ်းတာ၊ ကွဲအက် လွယ်တာ၊ ဝက်ခြံပေါက်တာ၊ အရေးကြောင်း ပေါ်တာ၊ ကြည်လင် မှုမရှိတာစတဲ့ ပြဿနာတွေ ပေါ်လာပါ တော့တယ်။

အသားအရေ ပျက်စီးရသည့် အကြောင်းရင်းအသား အရေ ပျက်စီးစေတဲ့ အဓိက အကြောင်း ရင်းတွေရှိ ပါတယ်။ အဖြစ်များတဲ့ အရေပြား ပျက်စီးမှု တွေက တော့ နေလောင်ခြင်း နေပူထဲကို အကာအကွယ်မပါဘဲ ထွက်တာကြောင့် အရေပြားပျက်စီးစေ နိုင်ပါတယ်။ ကာကွယ်နိုင်စေရန် - မနက် ၁၀ နာရီ ကနေ ညနေ ၄ နာရီအတွင်းက နေရောင်ခြည်ထဲမှာ ပါဝင်တဲ့ ခရမ်း လွန်ရောင်ခြည် ကြောင့် အရေပြားကို ပျက်စီးစေနိုင် တဲ့အတွက် သင့်ခန္ဓာကိုယ်ကို နေရောင်ကာကွယ် တဲ့ SPF ၁၅ ဆလောက် ပါဝင်တဲ့ခရင်မ်ကို လိမ်းပါ။ ဒါမှမဟုတ် နေပူကို ကာ ကွယ်နိုင်တဲ့ အဝတ်အစားနဲ့ အသုံးအ ဆောင်တွေကို သုံးပါ။ ဆေးလိပ်သောက်ခြင်း ဆေးလိပ်သောက်တာကြောင့် အရေပြားကို အောက်ဆီဂျင်ရရှိမှုနည်းပြီး ကြာလာတဲ့အခါ အရေပြားပျက်စီးစေပါ တယ်။ အရေပြားမှာ အရေးကြောင်း ဖြစ်တာနဲ့ အရွယ်မတိုင်ခင်အိုမင်းတာဟာ ဆေးလိပ်သောက်သူတွေမှာ အဖြစ်များပါတယ်။ ကာကွယ်နိုင်စေရန် - ဆေးလိပ် မ သောက်ပါနဲ့။ ဆေးလိပ်သောက်တဲ့ ပတ်ဝန်းကျင်ကို ရှောင်ပါ။ ဆေးလိပ်သောက် သူဖြစ်ပါက ဆေးလိပ်ဖြတ်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေပါ။
အရေပြားကို ကြမ်းတမ်းစွာ ပွတ်တိုက်ခြင်း အရေပြားပေါ်ကို ကြမ်းတမ်းစွာ ပွတ်တိုက်တာမျိုးနဲ့ အရေပြားသန့်စင် ကြေးချွတ်တာကို ခဏခဏပြုလုပ်တတ် သူတွေမှာ အရေပြားဟာ အထိခိုက်မခံ တော့ဘဲ ဖြစ်လာတတ်ပါတယ်။ ကာကွယ်နိုင်စေရန် - တစ်နေ့တည်းမှာ ရေခဏခဏမချိုးပါနဲ့။ အရမ်းပြင်းလွန်းတဲ့ ရေချိုးဆပ်ပြာတွေနဲ့ ကြေးချွတ်ပစ္စည်း တွေကို ရှောင်ပါ။ ရေသုတ်ချိန်မှာ ညင်သာ ပါစေ။ အမွေးရိတ်ချိန်မှာ အထူးဂရုစိုက်ပါ။ ရေဓာတ်ပါဝင်တဲ့ ခရင်မ် ပုံမှန်လိမ်းပါ။ ကျန်းမာရေးနှင့် ညီညွတ်သော အစာမစားခြင်း ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စား သောက်မှုပုံစံကြောင့်လည်း အရေပြား ပျက်စီးစေနိုင်ပါတယ်။
ကာကွယ်နိုင်စေရန် - ဟင်းသီးဟင်းရွက်၊ သစ်သီး၊ ကောက်နှံနဲ့ ပြုလုပ်ထားတဲ့ မုန့်တွေနဲ့ ပရိုတင်းကြွယ်ဝတာတွေကို စားပါ။ ဈေးကွက်မှာ အလွယ်တကူ ရရှိနိုင်တဲ့ Fast Food တွေကို ရှောင်ပါ။ စိတ်ဖိစီးမှုများခြင်း စိတ်ဖိစီးမှုတွေကြောင့် ဝက်ခြံနဲ့ အရေပြား ထိခိုက်မှုတွေဖြစ်တတ်ပါတယ်။ ကာကွယ်နိုင်စေရန် - စိတ်ဖိစီးမှုကို တတ်နိုင်သမျှ တိုက်ထုတ်ပစ်ဖို့ပါပဲ။ လှုပ် ရှားရုန်းကန်နေရတဲ့ လူနေမှုဘဝထဲမှာ အတတ်နိုင်ဆုံး ပျော်အောင်နေပါ။ သူငယ်ချင်းတွေနဲ့ ရင်ဖွင့်ပြောဆိုပါ။ လူမှု ရေးအဖွဲ့အစည်းတွေထဲမှာ ကိုယ်တတ်နိုင် သလောက် ပါဝင်ကူညီပါ။

အသားအရေပျက်စီးလျှင် စားသင့်သည့်အစာများ

၁။ အခွံမာရေသတ္တဝါများ ကမာကောင်၊ ပုစွန်၊ ကဏန်း၊ ခုံး ကောင်စတဲ့ ရေသတ္တဝါတွေမှာ ဇင့်ဓာတ် ကြွယ်ဝကြပြီး အရေပြားပျက်စီးမှုကို ဖြစ် စေတဲ့ ဖရီးရယ်ဒီကယ်တွေကို တိုက်ထုတ် နိုင်ပါတယ်။

၂။ သခွားသီး

သခွားသီးမှာ သဘာဝ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေပါဝင်တာကြောင့် အရေပြားကို ပြန်လည်ကုသရာမှာ အသုံး ဝင်ပြီး ဝက်ခြံတွေကို သက်သာစေပါ တယ်။ နေ့စဉ် သစ်သီးပုံစံ၊ အသုပ်ပုံစံမျိုး တွေ စားပေးနိုင်ပါတယ်။

၃။ ငှက်ပျောသီး ငှက်ပျောသီးဟာ ဗိုက်ပြည့်လွယ်ပြီး

ကာဗိုဟိုက်ဒရိတ်ကြွယ်ဝတဲ့ အစားအစာ ပဲဖြစ်ပါတယ်။ ပုံမှန်စားနေကျ အစားအ စာတွေေ နရာမှာ အစားထိုး ပြီးစားလရှိတဲ့ အစာမျိုးလည်းဖြစ်ပါတယ်။ ငှက်ပျောသီး မှာ ဇင့်ဓာတ်ကြွယ်ဝပြီး၊ ဆံသားပျက်စီးမှု ကိုပါ ကာကွယ်နိုင်တဲ့ အာနိသင်ရှိပါတယ်။

၎။ ကိုက်လန် ကိုက်လန်ဟာ အစိမ်းရောင် အပင်မျိုးဖြစ်ပြီး

ဇင့်ဓာတ်ကြွယ်ဝကာ ကျန်းမာရေးအကျိုးပြု အရွက်ပဲဖြစ်ပါတယ်။ အရေပြားပျက်စီးမှုကို ပြန်လည်ကောင်းမွန်စေ တဲ့ ဖြည့်စွက်စာအဖြစ် စားပေးနိုင်ပါတယ်။

၅။ ပဲဖြင့် ပြုလုပ်သော စားကုန်များ ပဲနဲ့ ပြုလုပ်တဲ့ စားကုန်တွေဖြစ်တဲ့ တိုဟူးလို အစားအစာတွေမှာ ကယ်လ်စီယမ်နဲ့ ဇင့်ဓာတ်တွေကြွယ်ဝပြီး အရေပြား ပျက်စီးတာကို ပြန်လည်ပြုပြင်နိုင်ပါတယ်။

၆။ စတော်ဘယ်ရီ

စတော်ဘယ်ရီသီးမှာ ဇင့်ဓာတ်နဲ့ အရေပြားကို ပြုပြင်ပေးနိုင်တဲ့ salicylic acid ပါဝင်ပါတယ်။ ဇင့်ဓာတ်ချို့တဲ့မှုကို ကာကွယ်နိုင် တဲ့အပြင် အိမ်ထောင်ရေး သုခကိုလည်း ပြည့်ဝစေတဲ့ အသီးမျိုးဖြစ် ပါတယ်။

၇။ အာလူး

အာလူးမှာ ဗီတာမင် အေ၊ စီ၊ အီးနဲ့ ဇင့်ဓာတ်တွေပါဝင်ပါတယ်။ ဝက်ခြံပေါ်ကို အာလူးပါးပါးလှီးပြီး ကပ်ပေးရင် သက်သာစေပါတယ်။

၈။ ရွှေဖရုံသီး

ရွှေဖရုံသီးမှာ အိုမီဂါသရီး၊ ဗီတာမင် ဘီ၊ ကယ်လ်စီယမ်နဲ့ ပိုတက်စီယမ်တွေ ပါဝင်တာကြောင့် အရေပြားပျက်စီးမှုကို ပြုပြင်ပေးနိုင် တာပါ။

၉။ ထောပတ်သီး

အရေပြား ပြန်လည်ပြုပြင်ပေးနိုင်ဖို့ နဲ့ ကုသရာမှာ ထောပတ်သီးက အစွမ်း ထက်ပါတယ်။

၁၀။ အစေ့အဆန်များ

အရေပြားချောမွေ့စေတဲ့ အစားအ အစာအဖြစ် လူသိများပြီး သရေစာအ ဖြစ် စားပေးပါ။

အသားအရေပျက်စီးခြင်းကို ပြန်လည်ကုသမှု

၁။ အလှကုန်ပစ္စည်းများ အခုခေတ်မှာ အရေပြားကို ပြန် လည်ပြုပြင်ပေးနိုင်တဲ့ အသားအရေထိန်း သိမ်းမှုပစ္စည်းတွေကို စိတ်တိုင်းကျ ဝယ် ယူလို့ရနိုင်ပါတယ်။ သင့်အသားအရေအ လိုက် ကျွမ်းကျင်သူနဲ့တိုင်ပင်ပြီး ပြန်လည်ကုသမှုတွေ ပြုလုပ်နိုင်ပါတယ်။

၂။ အိမ်တွင်းကုထုံးများ ၀က်ခြံပေါက်ရင်။ ။ ဆော်ဒါမှုန့် တစ် ဇွန်းကို ပျားရည်တစ်ဇွန်း၊ ရေအနည်းငယ် နဲ့ရောပြီး မျက်နှာအနှံလိမ်းထားကာ တစ် နာရီလောက်ထားပြီး ရေဆေးချလိုက်ပါ။ တစ်ပတ်သုံးကြိမ်ပြုလုပ်ပေးပါ။ ဝက်ခြံ တွေသက်သာသွားပါလိမ့်မယ်။ အမည်းစက်တွေပျောက်အောင်။ ။ အ မည်းစက်တွေနဲ့ မျက်ကွင်းညိုတာတွေအ တွက် သခွားသီး၊ အာလူး၊ ဘယ်ရီသီးတွေ ကို အကွင်းလေးတွေလှီးပြီး မျက်နှာပေါ် ကပ်ပေးပါ။ မိနစ် ၂၀ လောက်ကြာချိန်မှာ ရေနွေးနွေးလေးနဲ့ သန့်စင်လိုက်ပါ။ အရေပြားချောမွေ့အောင်။ ။ ကြမ်းတမ်းပြီး ညိုမည်းနေတတ်တဲ့ ဒူးနဲ့ တံတောင်လို နေရာတွေကို သံပရာသီးနဲ့ ပွတ်တိုက်ပြီး မိနစ်၂၀ လောက်ကြာချိန်မှ ရေ နဲ့ သန့်စင်လိုက်ပါ။ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အရေပြားချောမွေ့သွားပါလိမ့် မယ်။

၃။ အခြားကုထုံးများ မျက်နှာလေ့ကျင့်ခန်းတွေ ပြုလုပ်ပေးပါ။ ရေဓာတ်ခန်းခြောက်မှုကြောင့် အရေ ပြားမထိခိုက်အောင် ရေ တစ်နေ့ ၆-၈ ခွက်သောက်ပါ။ ပြုံးရယ်ပါ။ တစ်ကိုယ်ရေ သန့်ရှင်းမှုနဲ့ ပုံမှန် အရေပြား သန့်စင်မှုကို ပြုလုပ်ပါ။ ညအိပ်ရာဝင်တိုင်း မိတ်ကပ်တွေကို ဖျက်ပါ။ နားလည်တဲ့ အရေပြားအထူးကုနဲ့ တိုင်ပင်ပြီး ကုသမှုခံယူပါ။

သဲသဲ
BY GOOD HEALTH

လိပ်ခေါင်းရှိသူများ သက်သာစေမည့် အလွယ်ကုသနည်း ရှစ်သွယ်





လိပ်ခေါင်းကြောင့် နာကျင်မှု၊ ယားယံမှုနဲ့ ရောင်ရမ်းမှုတွေကို ခံစားနေရပါသလား။ လိပ်ခေါင်းဝေဒနာတွေ သက်သာစေဖို့ အောက်ပါ လွယ်ကူတဲ့ ကုသနည်းတွေကို လိုက်နာပေးပါ။

၁) ရေကုထုံးသုံးပါ

ရေဟာ ရောင်ရမ်းနာကျင်ကာ ယားယံနေတဲ့ လိပ်ခေါင်းကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် စအိုတစ်ဝိုက်ကို အေးမြတဲ့ အဝတ်စတစ်စ ကပ်တာ ဒါမှမဟုတ် ၁၀ မိနစ်လောက် ကြက်သီးနွေးရေထဲ စိမ်ပေးတာကို လုပ်ပေးပါ။ လိပ်ခေါင်းရှိသူ အများစုဟာ အိမ်သာသုံးစက္ကူ အစား စိုစွတ်တဲ့ အိမ်သာသုံး တစ်သျှူးနဲ့ ညင်ညင်သာသာ သုတ်ပေးတာကြောင့် လိပ်ခေါင်း သက်သာတာကို တွေ့ရှိရပါတယ်။

၂) မိမိဘာသာ အလွယ်တကူ ဝယ်နိုင်သောဆေးများ သုံးပါ

မိမိဘာသာ အလွယ်တကူ ဝယ်နိုင်တဲ့ လိပ်ခေါင်း ပျောက်ဆေးတွေဟာ လိပ်ခေါင်း ဝေဒနာတွေကို ယာယီနဲ့ အမြန် သက်သာစေပါတယ်။ ခရင်မ်၊ ဂျဲလ်၊ ဟိုက်ဒရိုကော်တီဇုန်း ပါတဲ့ လိပ်ခေါင်းကု လိမ်းဆေးစတာတွေက လိပ်ခေါင်းကို သက်သာစေနိုင်ပါတယ်။ လိပ်ခေါင်းက နာကျင်ကာ ရောင်ရမ်းနေရင် ပါရာစီတမော၊ အက်စပရင်နဲ့ အိုင်ဗျူပရိုဖင်တို့ပါတဲ့ အကိုက်အခဲ ပျောက်ဆေးတွေကို မှီဝဲပေးဖို့ လိုပါတယ်။

၃) အမျှင်ဓာတ် များများစားပါ

အမျှင်ဓာတ်ဟာ ဝမ်းမှန်မှန် သွားစေပြီး အူလှုပ်ရှားမှုကို ကောင်းမွန်စေပါတယ်။ အမျှင်ဓာတ် များများပါတဲ့ အစားအသောက်တွေက လိပ်ခေါင်းကြောင့် နာကျင်မှုကို လျော့ကျစေပြီး ဝမ်းပျော့ပျော့သွားစေကာ ဝမ်းကို အလွယ်တကူ သွားစေနိုင်ပါတယ်။ အမျှင်ဓာတ် များများပါဝင်တဲ့ အစားအစာတွေက သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး၊ ဖွဲနု၊ အခွံချွတ်မထားတဲ့ ကောက်နှံနဲ့ လုပ်ထားတဲ့ ပေါင်မုန့်ညို၊ ကွေကာ စတာတွေကို များများ စားပေးပါ။ အမျှင်ဓာတ် များများပါတဲ့ အစားအသောက်တွေကို စားတာက အူမကြီး ကင်ဆာ၊ နှလုံးရောဂါနဲ့ အဝလွန်တာတွေလို ပြင်းထန်တဲ့ ရောဂါတွေရဲ့ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

၎) အစားအသောက်မှ အမျှင်ဓာတ်မရလျှင် အမျှင်ဓာတ်ဖြည့်စွက်ဆေး မှီဝဲပါ

လူအများစုဟာ အစားအသောက်မှ အမျှင်ဓာတ် အလုံအလောက်ရဖို့ ခက်ခဲတတ်ပါတယ်။ ဒါဆိုရင် အမျှင်ဓာတ် ပါတဲ့ ဖြည့်စွက်ဆေးကို မှီဝဲသင့်ပါတယ်။ ဒါမှ ဝမ်းပျော့ပျော့သွားမှာ ဖြစ်ပြီး လိပ်ခေါင်းဖြစ်နိုင်ခြေနဲ့ လိပ်ခေါင်းရှိနေသူတွေမှာ နာကျင်မှုကို လျော့ကျ စေနိုင်ပါတယ်။

၅) ရေဓာတ် ပြည့်ဝအောင် ကြိုးစားပါ

ရေကို များများသောက်တာဟာ ဝမ်းပျော့ပျော့ သွားစေပြီး လိပ်ခေါင်းကြောင့် နာကျင်မှုကို လျော့ကျစေပါတယ်။ ရေအလုံအလောက် သောက်တာက လိပ်ခေါင်းမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ယေဘုယျအားဖြင့် ပူတဲ့နေ့တွေနဲ့ လေ့ကျင့်ခန်း လုပ်ချိန်တွေမှာ တစ်နေ့ ရေရှစ်ခွက်လောက် သောက်ပေးပါ။ ဒါ့အပြင် အယ်လ်ကိုဟောနဲ့ ကဖင်းဓာတ်ကို လျှော့သောက်ပါ။ အယ်လ်ကိုဟောနဲ့ ကဖင်းဓာတ်က ခန္ဓာကိုယ်မှ ရေဓာတ်ဆုံးရှုံးမှုကို အားပေးစေပြီး ဝမ်းကို မာကျောစေကာ လိပ်ခေါင်းကြောင့် နာကျင်မှုကို တိုးစေနိုင်ပါတယ်။

၆) လေ့ကျင့်ခန်းကို အလုံအလောက် လုပ်ဆောင်ပါ

လေ့ကျင့်ခန်းဟာ လိပ်ခေါင်း မဖြစ်အောင် ကာကွယ်ရေးနဲ့ ကုသရေးမှာ အရေးပါတဲ့ အချက်ပါပဲ။ နေ့စဉ်ဘဝမှာ အထိုင်များရင် တစ်နာရီကြာတိုင်း မတ်တပ်ရပ်ပြီး လမ်းလျှောက်ကာ လှုပ်ရှားမှုတွေကို လုပ်သင့်ပါတယ်။ အိမ်သာသွားရင် ကြာကြာထိုင်တာ၊ အလေးအပင် မတာတွေကို ရှောင်သင့်ပါတယ်။

၇) ဝမ်းသွားချင်စိတ်ကို အလေးထားပါ

မိသားစုတိုင်းအတွက် နံနက်ခင်း အချိန်က အလုပ်များလှပါတယ်။ အိမ်သာသွားဖို့ အချိန် မပေးနိုင်တာကြောင့် ဝမ်းသွားချင်စိတ်ကို လျစ်လျူရှုမိရာက ဝမ်းချုပ်ကာ လိပ်ခေါင်းဖြစ်သူတွေ များလှပါတယ်။ ဒါကြောင့် ဝမ်းသွားချင်စိတ် ပေါ်တိုင်း အချိန်ပေးပြီး အိမ်သာ တက်ပေးဖို့ လိုပါတယ်။ ဝမ်းချုပ်တာကြောင့် ဝမ်းသွားချိန် ကြာတာကလည်း လိပ်ခေါင်းကို ပိုဆိုးစေနိုင်ပါတယ်။

၈) ကိုယ်ဝန်ဆောင်ချိန်တွင် အထူးဂရုစိုက်ပါ

ကိုယ်ဝန်ဆောင်ချိန်မှာ လိပ်ခေါင်း အဖြစ်များပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ စအို နာကျင်တာနဲ့ ယားယံတာလို ဝေဒနာတွေ ခံစားရရင် ဆရာဝန်နဲ့ ပြပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်စက်စဉ်၊ အနားယူစဉ် ခန္ဓာကိုယ်ကို ဘယ်ဘက်စောင်းပြီး လဲလျောင်းတာကြောင့် သွေးပြန်ကြောတွေ အပေါ် ဖိအား သက်ရောက်မှု လျော့ကျစေပါတယ်။ ဒါကြောင့် လိပ်ခေါင်းကို သက်သာစေပါတယ်။

ဇွန်ခိုင်ဦး
(ဆေးဝါးတက္ကသိုလ်)
BY GOOD HEALTH