လိင်မှုဆိုင်ရာကူးစက်ရောဂါများ (ကာလသားရောဂါ)



 
Photobucket
ကာလသားတဲ့။ ကာလသားဆိုတာ အရွယ်ရောက်ပြီး လူငယ်လူရွယ်တွေကိုခေါ်တာဖြစ်ပြီး ကာလသားရောဂါဆိုတာ ကတော့ အဲဒီလိုသွေးသားဆူဖြိုးလွယ်တဲ့ အရွယ်တွေမှာ အများဆုံးဖြစ်ပွားလေ့ရှိတဲ့ရောဂါစုကို အမည်တပ်လိုက်ခြင်း ဖြစ်ပါတယ်။
ရှေးယခင်ကတော့ 'ကာလသားရောဂါ'လို့ခေါ်ကြပြီး အခုအခါမှာတော့
'လိင်ဆက်ဆံမှုကြောင့် ကူးစက်တဲ့ရောဂါများ (STD – Sexually Transmitted Disease)'လို့ ခေါ်နေကြပါပြီ။ ကာလသားရောဂါအမျိုးမျိုးရှိပါတယ်။ ဆစ်ဖလစ်ရောဂါ၊ ဂနိုရောဂါ၊ရှန်ကရွိုက်၊လင့်ကျိတ်ရောင်ရောဂါ၊လိင်အင်္ဂါရေယုန်၊ လိင်အင်္ဂါမှက္ခရု၊ လိင်အင်္ဂါဝဲ၊ရိဖြူဆင်းရောဂါနဲ့ အေအိုင်ဒီအက်စ်ရောဂါ အပါအ၀င်ရောဂါအမျိုးပေါင်း နှစ်ဆယ်ကျော်ရှိပါတယ်။
လိင်အင်္ဂါတန်ဆာ အနီးတ၀ိုက်မှာ လှိုက်စားနာ၊ပွန်းပဲ့နာ အဖု၊အပိန့်၊အကျိတ် – အလုံးတွေဖြစ်တာ၊ ဆီးသွားရင်ပူတာ၊ နာကျင်ကိုက်ခဲတာ၊ ဆီးလမ်းကြောင်း၊စအို၊မိန်းမကိုယ်က ညောင်းကျတာ၊ ရိဖြူရိနီဆင်းတာ၊ လိင်အင်္ဂါအနီးတ၀ိုက်မှာ ရောင်ရမ်း၊ နာကျင်ကိုက်ခဲတာတွေဟာ ကာလသားရောဂါလက္ခဏာတွေပဲဖြစ်ပါတယ်။
ကာလသားရောဂါကူးစက်ပုံတွေမှာ အဓိကကတော့ – ကာလသားရောဂါပိုးရှိသူနဲ့ အကာအကွယ်မဲ့(ကွန်ဒုံးမသုံးပဲ) လိင်တူ၊ လိင်ကွဲ ဆက်ဆံရာကနေ ကူးတာပါပဲ။ ဒါပေမယ့် သွေးကတဆင့် ကူးစက်တာ၊ ရောဂါပိုးပါတဲ့ သွေးပစ္စည်းတွေက တဆင့် ကူးစက်တာနဲ့ မိခင်ကနေ သန္ဓေသားကို ကူးစက်တာ တွေလည်းရှိတတ်ပါတယ်။
ကာလသားရောဂါရဲ့ ဖြစ်လာနိုင်တဲ့ နောက်ဆPhotobucketက်တွဲဆိုးကျိုးတွေကတောိ့ပ်ခ်ျအိုင်ဗီကူးစက်ခံရဖို့ ပိုလွယ်သွားတာ၊ မျိုးပွားအင်္ဂါတွေ အားလုံးကို ရောဂါပျံ့နှံ့ပြီး ရောင်ရမ်းကုန်တာ၊ ပြည်တည်တာ၊ ကလေးမရနိုင်တော့ဘဲ မြုံသွားတာ၊ တခြားအင်္ဂါတွေ (နှလုံး၊ဦးနှောက်၊ အရိုးအဆစ်တွေကို) ရောဂါပျံ့နှံ့သွားတာ၊ အမျိုးသမီးတွေမှာ သားအိမ်ခေါင်း ကင်ဆာဖြစ်တာ စတဲ့အကျိုးဆက်တွေပေါ့။
ကိုယ်ဝန်ဆောင်မိခင်က သန္ဓေသားကိုလည်း ရောဂါကူးစက်သွားနိုင်ပါတယ်။ အဲဒီအခါ ကလေးပျက်ကျတာ၊ လမစေ့ ကလေးမွေးတာ၊ ပေါင်မပြည့်တဲ့ ကလေးမွေးတာ၊ ကလေးအသေမွေးတာ၊ ကလေးမှာ မွေးရာပါရောဂါပါလာတာ၊ မျက်စိမမြင်တာတွေ ဖြစ်စေတတ်ပါတယ်။
ရောဂါမပျောက်မချင်း လိင်ဆက်ဆံခြင်းမပြုပါနဲ့။ ကိုယ့်ရဲ့အိမ်ထောင်ဖက် သို့မဟုတ်လိင်ဆက်ဆံဖော်ကိုလည်း ဆေးကုသ ဖို့လိုပါတယ်။ ဒါမှ သူ့ဆီကရောဂါပြန်မကူးမှာဖြစ်ပါတယ်။ မိမိပြုတဲ့အမှုကို မိမိတာဝန်ယူခြင်းလည်းမည်ပါမယ်။
ဘာပဲဖြစ်ဖြစ် ရောဂါမဖြစ်အောင် ကာကွယ်တာအကောင်းဆုံးပါပဲ။ လိင်အပျော်အပါးရှောင်ကြဉ်ပါ။ လိင်ဆက်ဆံဖက် အဖော်များတာ၊ လိင်ဆက်ဆံဖက်တစ်ယောက်ပြီးတစ်ယောက် ပြောင်းတာ၊ ငွေကြေးအတွက် လိင်ဆက်ဆံတာတွေဟာ ရောဂါအလွယ်တကူ ရစေနိုင်တယ်လေ။ ဒါတွေကို မရှောင်နိုင်ရင်တော့ အရည်အသွေးကောင်းတဲ့ ရက်လွန်ဒိတ်မဖြစ်တဲ့ ကွန်ဒုံးကို နည်းလမ်းမှန် အသုံးပြုဆက်ဆံခြင်းပါပဲ။
Photobucket
ရောဂါလက္ခဏာပေါ်လာရင်ဖြစ်ဖြစ် ရောဂါရှိတယ်လို့ သံသယရှိရင်ဖြစ်ဖြစ် ကျန်းမာရေးဝန်ထမ်းနဲ့ အမြန်ပြပါက အကောင်းဆုံးပါ။ ကာလသားရောဂါတော်တော်များများကို ပျောက်ကင်းအောင်ကုသနိုင်ပါတယ်။ ကိုယ့်ဖာသာ ဆေးဝယ်သောက်တာတို့ ဆေးမြီတိုသုံးပြီး ကိုယ့်ဘာသာကိုယ် ကုတာတို့မလုပ်ပါနဲ့။ ငွေလည်းကုန် အန္တရာယ် လည်းရှိပါတယ်။ ဆရာဝန်နဲ့ပြတာအကောင်းဆုံးပါပဲ။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးပတ်လည်အောင် စားဆေးထိုးဆေးဖြင့်ကုသတာ အကောင်းဆုံးစိတ်အချရဆုံးဖြစ်မှာပါ။
သတိမူရမယ့် အချက်ကတော့ ဒီရောဂါတွေဟာ ဘယ်သူမဆိုရရှိနိုင်ပါတယ်ဆိုတာပါပဲ။ ရောဂါလက္ခဏာတစုံတရာ မပြဘဲလည်း ကာလသားရောဂါရှိနေနိုင်ပါတယ်။ ကာလသားရောဂါတချို့ကို သောက်ဆေးဖြင့်သာကုသနိုင်ပြီး၊ ဆစ်ဖလစ်ရောဂါအတွက်တော့ ဆေးထိုးဖို့လိုအပ်ပါတယ်။ ကာလသားရောဂါကို အပြင်ပန်းကြည့်ရုံနှင့် လူတစ်ယောက် မှာရှိမရှိ မသိနိုင်ပါ။ စနစ်တကျကုသရင် ပျောက်ကင်းနိုင်တဲ့ရောဂါဖြစ်လို့ လက္ခဏာတွေတွေ့ရတာနှင့် ကျန်းမာရေးဆေးကု ခန်းများနှင့် ဆက်သွယ်ပြသတိုင်ပင်သင့်ကြောင်းပါ။
မိမိရမည့်အပျော်မဖြစ်စလောက် ၅မိနစ်၁၀မိနစ်အတွင်းမှာ ရရှိသွားနိုင်တဲ့ လိင်မှုဆိုင်ရာ ကူးစက်ရောဂါတွေက ကဋေကဋာ နော်။ ကြောက်စရာအကောင်းဆုံးကတော့ ကာကွယ်ကုသဆေးမပေါ်သေးတဲ့ အေ့စ်ရောဂါရသွားဖို့ ဖြစ်နိုင်တဲ့အချက်တွေ ရှိနေတယ်ဆိုတာပါ။ လူဆိုတာသွေးသားနဲ့တည်ဆောက်ထားတာဖြစ်လေတော့ ရှောင်တော့မရှောင်နိုင်ကြဘူး။
ဒီတော့ အန္တရာယ်စက်ကွင်းတွေထဲ ခုန်မ၀င်မိအောင် ကြိုးစားကြရမယ် အကာအကွယ်ယူကြရမယ်နော်။ ကျွန်တော့်အနေနဲ့ အားလုံးတတ်သိလို့မဟုတ်ပေမဲ့ လူငယ်လူရွယ်ကအစပြုလို့ မိတ်ဆွေသူငယ်ချင်းတို့ သတိမူမိအောင် နည်းနည်းလေး ဖြစ်ဖြစ် သတင်းပေးလိုက်ရတာပါဗျ။
ကလာသားရောဂါဆိုတဲ့ လိင်မှုဆိုင်ရာကူးစက်ရောဂါတွေမဖြစ်ကြဘဲ ကျန်းမာပျော်ရွှင်တက်ကြွတဲ့ လူငယ်တွေဖြစ်ကြစေ ကြောင်း ဆန္ဒပြုလိုရင်းပါ။
ပျော်ရွှင်ကြပါစေ။
Ref: ။                ။ MARIE STOPES INTERNATIONALရဲ့လက်ကမ်းစာစောင်၊ PSI Myanmarရဲ့လက်ကမ်းစာစောင်၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကျန်းမာရေးဆောင်းပါး။

No comments:

Post a Comment