Ischemic Heart Disease နှလုံးသွေးကြောကျဉ်းရောဂါ

နှလုံးဟာ ခန္ဓာကိုယ် တစ်ခုလုံးသို့ သွေးလည်ပတ် စီးဆင်းရန်အတွက် လုပ်ဆောင်ပေးသော သွေးညှစ်စက်
(Blood Pump Machine) တစ်ခု ပဲဖြစ်ပါတယ်..တစ်ရက်လျှင် ပျမ်းမျှ အကြိမ် ၁၀၀,၀၀၀ ခန့် ခုန်ရပြီး သွေးထုထည် ဂါလံ ၂,၀၀၀ ခန့် ညှစ်ထုတ် ပေးနေရပါတယ်.. လူ့သက်တမ်း တစ်လျှောက်လုံး မရပ်မနား စည်းချက်မှန်မှန် ညှစ်ထုတ်ပေး နေရပြီး အသက် ၇၀ အရွယ်ရောက်ပါက နှလုံးခုန်ခြင်း အကြိမ်ပေါင်း ၂.၅ ဘီလီယံ ကျော် ခုန်ပြီး ဖြစ်ပါတယ်..

Hepatitis A, B, C, D, E အသဲရောင်ရောဂါများ

               

အသဲ၏အလုပ်များ
Hepatitis A အသဲရောင် အေ
Hepatitis B အသဲရောင် ဘီ
Hepatitis C အသဲရောင် စီ
Hepatitis D အသဲရောင် ဒီ
Hepatitis E အသဲရောင် အီး

အသဲ၏အလုပ်များ
အသဲသည် အလုပ်ပေါင်းများစွာ လုပ်ပေးသည်။
1. အစာထဲက အဆီ၊ ဆီတို့ကို အစာခြေပေးသည်၊
2. အား (အင်နာဂျီ) ကို သိုလှောင်ထားသည်၊
3. အဆိပ်အတောက်ကို ဖယ်ရှားပစ်သည်၊
4. (ဘိုင်းလ်) အစာခြေရည် ထုတ်ပေးသည်၊
5. ကိုလက်စထရော-သွေးခဲစေသည့် ပစ္စည်းများ၊ ပရိုတင်းများ ထုတ်လုပ်ပေးသည်။