အစားမလျှော့ဘဲ ကိုယ်အလေးချိန်ကျစေရန် ****************************
ရင်သား ကင်ဆာရောဂါဝေဒနာရှင်များ တွင်သွေးဖောက်စစ်ဆေးမှု များပြုလုပ်လာနိုင်တော့မည်။
{ ဘူးသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ }
~ခေါက်ဆွဲခြောက်ထုတ်များအား ရောနှောစားသုံးသင့်ဟု ပညာရှင်တို့အကြံပြု~
အသားအရေ ပျက်စီးရသော အကြောင်းရင်းနှင့် ပြန်လည် ပြုပြင်နည်းများ
သတင်းဌာနများ
သီချင်းများနားထောင်ရန်
Popular Posts
-
လိင်မှု ရေးရာ ကျွမ်းကျင်သူများ၏ ဖက်ရှင်တစ်ခုအဖြစ် ယနေ့ပြောဆိုနေသော စကားလုံးမှာ G-spot ဆိုသော စကားဖြစ်ပြီး လိင်မှု ရေးရာအကြောင်းေ...
-
ဆရာ အတ္တကျော်ဘလောက်ကနေ ပြန်ယူထားတာပါ.. ဖိုမရေးရာ ကိစ္စစိတ်မ၀င်စား ရင် သို့မဟုတ် ရိုင်းတယ်ထင်ရင် ..ဆက်မဖတ်ပါနဲ့လို့ပြောထားပါတယ်... သည်ဘလော့က...
-
ယနေ့ခေတ်၏ တွေ့ကြုံရ အများဆုံးသော လူတိုင်း၏ ဆန္ဒသည် ချစ်မှုရေးရာတွင် ကောင်းမွန်သော ဖိုမ ဆက်ဆံမှု တစ်ရပ်အတွက် စနစ်တကျ လိုက်နာ ဆောင်ရွက်ခြင်း...
-
အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁) ကြားဘူးတယ် ဟုတ်၊ မဏိပူ (ကသည်း) ပုဏ္ဏားတွေဟာ အင်မတန် အသန့်ကြိုက်တယ်ဆိုတာ။ ထမင်းချက်ရင် စည်းဝိုင်းဝိုင်း ချက်...
-
အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၆၂) 1) သတင်းတခုမှာ ဖတ်လိုက်ရလို့ပါ။ ပါးစပ်မှာ ပိုးတွေ အများကြီး ရှိတယ်လို့။ ဆက်ဆံရာမှာ ပါးစပ်သုံးတာ ရောဂါ ရ...
-
သုတ်လွှတ်စောခြင်း သုတ်လွှတ်စောခြင်းဆိုသည်မှာ အမျိုးသားမှ အချိန်မတိုင်မီ စောစီးစွာ သုတ်ထွက်ခြင်းဖြစ်ပြီး လိင်ကိစ္စပြဿနာတွေထဲမှာ အတွေ့ရမ...
-
မကြည့်မိရင် တခေတ်နောက်ကျသွားမယ်၊ ဒီလိုတော်တဲ့ကလေးမျိုးဆို အမေတွေ အတွက် ဗိုက်အခါတရာမက အနာခံပြီး မွေးဖို့ ၀န်လေးမယ် မထင်ပါဘူး....ကျနော်လည်း ဒ...
-
အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၃) “Orgasm ဆိုတာ လိင်စိတ်နိုးဆွရာက ဖြစ်လာတဲ့ အကျိုးရလဒ် ဇီဝကမ္မဖြစ်စဉ်တရပ်” လို့ အဓိပ္ပါယ် ဖွင့်ပါတယ်။ “လ...
-
အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၃ဝ) ပုံပြင်နဲ့ စပါရစေ။ သူများ ယဉ်ကျေးမှုတွေမှာ ဖို-မ ဆက်ဆံတာမယ် မေတ္ကာတွေ၊ ချစ်တာတွေ အသာထ...
-
ကမ္ဘာဦးစတည်းက လူသားတွေဟာ မိခင်နို့ကို သောက်သုံးပြီး လူ့ဘ၀ကို စတင်ခဲ့ကြပါတယ်။ လူသားတစ်ယောက်အနေနဲ့ ကျန်းမာသန်စွမ်းဖို့ ၊ ဥာဏ်ရည်မြင့်မားဖိ...
အစားမလျှော့ဘဲ ကိုယ်အလေးချိန်ကျစေရန် ****************************

အစားအသောက်ကို အလွန်အမင်း လျှော့စရာမလိုဘဲ ကိုယ်အလေးချိန် လျော့ကျလိုပါသလား။
အစားအသောက် မလျှော့ဘဲ ၀ိတ်ကျချင်သူတွေအတွက် ဘ၀နေထိုင်မှုပုံစံတချို့ ပြောင်းလဲလိုက်ရုံနဲ့ အဆင်ပြေသွားစေမယ့် နည်းလမ်းကောင်းတွေပါ။
၁။ အိပ်ရေး၀၀အိပ်ပါ
မီချီဂန် တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ခုအရ တစ်ညမှာ တစ်နာရီ ပိုအိပ်တာနဲ့
တစ်နှစ်ကြာရင် ကိုယ်အလေးချိန် ၁၄ ပေါင် ကျဆင်းသွားကြောင်း သိရပါတယ်။
အိပ်ရေးဝခြင်းက ဆာလောင်စိတ်ကို အထိုက်အလျောက် တားဆီးပေးနိုင်တာကြောင့်ပါ။
၂။ အိမ်မှာ စားပါ
အိမ်မှာချက်ထားတဲ့ အစားအစာတွေကို တစ်ပတ်မှာ အနည်းဆုံး ငါးရက်စားသူတွေဟာ
ခန္ဓာကိုယ် သွယ်လျလာတတ်ကြပါတယ်။ ဒါဟာ ဆိုင်တွေမှာ ချက်ပြုတ်တဲ့ အစားအသောက်
အများစုဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီပါဝင်မှု များလို့ပါ။
၃။ အစားကို ဖြည်းဖြည်းချင်းစားပါ
အစားအသောက် တစ်နပ်စားချိန်ကို မိနစ် ၂၀ ကြာ အချိန်ပေးပါ။ အစာစားတဲ့အခါ
ဖြည်းဖြည်းချင်း ကြေညက်အောင် ၀ါးစားပေးရင် ခန္ဓာကိုယ်က မကြာခင်မှာပဲ
ဗိုက်ပြည့်ကြောင်း အချက်ပြပါလိမ့်မည်။ အစားအသောက်ကို အမြန်စားရင်တော့
အချက်ပြတာကို သတိမထားမိဘဲ အလွန်အကျွံစားဖြစ်သွားတတ်ပါတယ်။
၎။ ဟင်းသီးဟင်းရွက် များများစားပါ
အစာတစ်နပ်စားတိုင်း ဟင်းသီးဟင်းရွက် သုံးမျိုးပါအောင်စားပါ။ အစားအသောက်ကို
များများစားရမှ ကျေနပ်သူတွေအနေနဲ့ ဟင်းသီးဟင်းရွက်ကို များများစားပေးတာဟာ
စိတ်ကျေနပ်မှု ရစေသလို ကိုယ်အလေးချိန်လည်း လျော့ကျစေပါတယ်။
ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံထဲမှာ အမျှင်ဓာတ်နဲ့ ရေဓာတ်သာ အဓိကပါပြီး
ကယ်လိုရီပါဝင်မှု နည်းတာကြောင့်ပါ။
၅။ ကောက်နှံနဲ့ ပြုလုပိထားတဲ့ အစာစားပါ
ဆန်လုံးညို ၊ ဘာလီ၊ အုတ်ဂျုံ၊ အညိုရောင်ပေါင်မုန့် စတာတွေက
ဝိတ်လျှော့လိုသူတွေအတွက် အသင့်တော်ဆုံးပါပဲ။ အကြောင်းကတော့
ကောက်နှံနဲ့လုပ်ထားတာတွေက ကယ်လိုရီပါဝင်မှုနည်းပြီး ခန္ဓာကိုယ်ထဲမှာ
ကောင်းတဲ့ ကိုလက်စ်ထရောမြင့်တက်စေပါတယ်။
၆။ ၀က်ပေါင်ခြောက်ရှောင်ပါ
နံနက်စာစားရင် ဆင်းဒ၀စ်ရှ်စားသူများ ၀က်ပေါင်ခြောက် မစားပါနဲ့။
ဝက်ပေါင်ခြောက်နှစ်ချောင်းမှာ ကယ်လိုရီ ၁၀၀ လောက်ပါတဲ့အတွက် တစ်နှစ်ကြာရင်
၁၀ပေါင် တက်နိုင်ပါတယ်။ ဟမ်ဘာဂါ စားတဲ့အခါလည်း ဟင်းသီးဟင်းရွက်ပါတာ
ရွေးစားပါ။
၇။ သကြားမစားရ
အချိုရည်အစား ရေပြောင်းသောက်ရင်
သကြား လက်ဖက်စားဇွန်း တစ်ဇွန်းလောက် ရှောင်ရာရောက်ပါတယ်။ သကြားဟာ
ကိုယ်အလေးချိန် တက်တဲ့အပြင် စိတ်ပါ ညှိုးနွမ်းစေပါတယ်။
၈။ အယ်လ်ကိုဟောပမာဏ ကန့်သတ်ပါ
အရက်ပါတဲ့ လူမှုရေးဝိုင်းတွေ သွားရင် ကော့တေး၊ ဘီယာ၊ ၀ိုင် ၊ အရက်
စတာတွေကို လက်လှမ်းမယ့်အစား ရေကိုအရင်သောက်လိုက်ပါ။ အရက်သောက်မိတဲ့အခါ
အရက်ကြောင့် ကယ်လိုရီ ရှိတဲ့အပြင် အာဟာရတန်ဖိုးနည်းတာတွေကိုပါ မဆင်ခြင်ဘဲ
စားမိစေနိုင်ပါတယ်။
၉။ လက်ဖက်စိမ်း လက်ဖက်ရည် သောက်ပါ
အဲ့ဒါသောက်တာဟာ နည်းလမ်းကောင်းပါ။ ခန္ဓာကိုယ်ကယ်လိုရီ လောင်ကျွမ်းစေတဲ့အပြင်
ဇီဝရုပ် ဖြစ်ပျက်မှု အားကောင်းစေပါတယ်။ လက်ဖက်စိမ်းလက်ဖက်ရည် အနည်းငယ်
သောက်ရင်တောင် စိတ် လန်းဆန်း စေနိုင်ပါတယ်။
၁၀။ ယောဂကျင့်ပါ
ယောဂကျင့်တဲ့ အမျိုးသမီးတွေဟာ မကျင့်သူတွေထက် အလေးချိန်နည်းကြောင်း
အမေရိကန် အာဟာရအဖွဲ့အစည်းက ဆိုပါတယ်။ အကြောင်းက ယောဂကျင့်သူတွေဟာ အစားကို
အလွန်စားတတ်တဲ့ အကျင့် မရှိကြလို့ပါ။ စိတ်တည်ငြိမ်အေးချမ်းနေတဲ့အတွက်
အစားအသောက်ကိုလည် သင့်တင့်တဲ့ ပမာဏသာ စားလေ့ရှိတယ်လို့ သုတေသီတွေက
ဆိုပါတယ်။
၁၁။ သကြားမပါသောပီကေ၀ါးပါ
အဲ့ဒါဟာ သွားရေစာ
စားချင်စိတ် နည်းစေပါတယ်။ တီဗွီကြည့်ရင်း အင်တာနက်သုံးရင်း ညစာစားပါက
သွားရေစာစားချင်စိတ် ပြင်းပြနိုင်ပါတယ်။ သကြားမပါတဲ့ အနံ့မွှေးတဲ့ ပီကေ
ဝါးပေးရင် အခြားသွားရေစာတွေ စားချင်စိတ် လျော့ နိုင်ပါတယ်။
၁၂။ တစ်နေ့ ကယ်လိုရီ ၁၀၀ လောင်ကျွမ်းအောင် လုပ်ပါ
အစားမလျှော့ဘဲ တစ်နှစ် ကိုယ်အလေးချိန် ၁၀ပေါင် ကျချင်ရင် တစ်နေ့ ကယ်လိုရီ
၁၀၀ ကျဖို့ မိနစ် ၂၀ ကြာ တစ်မိုင် လမ်းလျှောက်ခြင်း၊ မိနစ် ၂၀ ကြာ
ဥယျာဉ်စိုက်ပျိုးခြင်း၊ မိနစ် ၃၀ ကြာ အိမ်သန့ှ်ရှင်းရေး လုပ်ခြင်း၊ ၁၀
မိနစ်ကြာ လမ်းအမြန်လျှောက်ခြင်း စတဲ့ လှုပ်ရှားမှုမျိုး လုပ်ပေးပါ။
၁၃။ အသားမပါတဲ့ အာဟာရ မကြာခဏစားပါ
သားသတ်လွတ်စားတာဟာ ကိုယ်အလေးချိန် သွယ်လျစေတယ်လို့ Web MD သုတေသနအရ
သိရပါတယ်။ ပျှမ်းမျှ သားသတ်လွတ်စားသူတွေဟာ အသားစားသူတွေထက် ၂၀% အလေးချိန်
လျော့တတ်တယ်။ ပဲနီလေးစွပ်ပြုတ် ၊ ပဲအမျိုးမျိုးပါတဲ့ ဟင်းလျာတွေဟာ
အမျှင်ဓာတ်ပါပြီး အာဟာရဓာတ်ရစေကာ သွယ်လျကျန်းမာစေပါတယ်။
ကျန်းမာရေးစကားဝိုင်း
ရင်သား ကင်ဆာရောဂါဝေဒနာရှင်များ တွင်သွေးဖောက်စစ်ဆေးမှု များပြုလုပ်လာနိုင်တော့မည်။
Texas ရှိသူသေတန ပညာရှင်များမှ မကြာမီတွင် ရင်သားကင်ဆာရောဂါ အတွက် သွေးဖေါက်စစ်ဆေးမှုများ ပြုလုပ်လာနိုင်တော့မည် ဖြစ်ကြောင် June လ ၆ ရက်နေ့က ပြောကြားခဲ့ပါတယ်.
အဆိုပါ CTC ( Circulating Tumour Cells ) များကိုသွေး ထဲတွင်တိုင်းတာ ကာ ကင်ဆာရောဂါဝေဒနာ သည်များဧ။် ရောဂါနောက်ဆက်တွဲ ဆိုးကျိုးများကို ကြိုတင်ခတ်မှန်းသိရှိနိုင်မည် ဖြစ်သည်။
ရင်သားကင်ဆာရောဂါသည် ပြန်ရေကြော စနစ်( Lymphatic System) မှအဓိက ပြန့်နှံလေ့ရှိပြီး ထိုပြန့်နှံ့မှုကြောင့် ပင်ကုသမှုယူုပြီးနောက်ပိုင်းတွင် ရောဂါပြန်ဖြစ်ခြင်းများ (Relapse ) ဖြစ်လေ့ဖြစ်ထ ရှိတတ်သောရောဂါမျိုးဖြစ်သည်။
ယခု လေ့လာချက်များအရ အရောဂါအစောပိုင်း၌ သွေးထဲတွင် CTC မြင့်တက်နေသော ရောဂါဝေဒနာ ရှင်များသည် နဂို ရောဂါဝေဒနာရှင်များ ထက်ပြန့်နှံ့မှုပိုမိုများပြားကြောင်းတွေ့ရှိရသည်. ။
ထိုသို့ သောရောဂါဝေဒနာ ရှင်များအနေဖြင့် Lymph Node ဖယ်ထုတ်ထားပါက ပိုမို၍ အကျိုးရှိနိုင်ကြောင်း Professor Anthony Lucci မှ သုံးသပ်ပြခဲ့သည်။
{ ဘူးသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ }
မြန်မာလူမျိုးတွေရဲ့  မီးဖိုချောင် ထဲမှာ အတွေ့ရများတဲ့ ဘူးသီးဟာ သွေးတိုး ကျစေတဲ့ အစွမ်းနဲ့ နှလုံးရောဂါ သက်သာစေတဲ့ အစွမ
်းရှိတယ်လို့ ဆိုကြပါ တယ်။ ဘူးသီးကို ဟင်းခါး အဖြစ် ကျိုချက် သောက်သုံးကြသလို ဘူးသီးကို ပြုတ်ပြီး တို့စားတာ၊ သုပ်စားတာမျိုးလည်း ပြုလုပ်ကြပါတယ်။ ဘူးသီးကို စားပေးတာကြောင့် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။
၁။ အသည်းရဲ့  လုပ်ငန်းဆောင်တာတွေကို ဟန်ချက်ညီစေပါတယ်
ဘူးသီးမှာ ပြည့်ဝဆီနဲ့ ကယ်လိုရီ ပါဝင်မှု နည်းပါတယ်။ အမျှင်ဓာတ်၊ ဗီတာ မင်စီ၊ ရိုင်ဘိုဖလေဗင်၊ ဇင့်(သွပ်)၊ သိုင်ယာ မင်၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်မှု များပါတယ်။ ဒါကြောင့် အသည်းကို သန့်စင် စေတာ၊ ပြန်လည် အားဖြည့်ပေးတာနဲ့ အယ်လ်ကိုဟောကြောင့် ထိခိုက်မှုကို ကာကွယ်ပေး တာတို့ လုပ်ဆောင်ပေးပါတယ်။
၂။ ဆံပင်ဖြူတာကို လျော့ကျစေပါတယ်
ဘူးရွက်ကရတဲ့ အရည်ဟာ အသားဝါတာကို သက်သာစေပြီး ဘူးသီးအရည် ကတော့ ဆံပင်ဖြူတာကို လျော့ကျစေ တယ်လို့ ဆိုကြပါတယ်။
၃။ နုံးချည့်ညောင်းညာမှု သက်သာစေပါတယ်
ဘူးသီးကို စားပေးတာကြောင့် နုံးချည့်ညောင်းညာမှု လျော့ကျစေပြီး လန်းဆန်းစေပါတယ်။ အထူးသဖြင့် ပူပြင်းတဲ့ ရက်တွေမှာ လန်းဆန်းစေ ပါတယ်။
၎။ အစာမကြေတဲ့ ဝေဒနာကို လျော့ကျစေပါတယ်
ဘူးသီးဟာ အယ်လ်ကာလိုင်း ဂုဏ်သတ္တိရှိတာကြောင့် အက်စစ်ဓာတ်လွန် ကဲမှု၊ အစာမကြေတာနဲ့ အစာအိမ် အနာတို့ကို သက်သာစေတယ်လို့ ဗပကမလနိကေ မှတ်ချက်ပေးထားပါတယ်။
၅။ စိတ်စွဲလွန်ဝေဒနာကို သက်သာစေပါတယ်
ဘူးသီးဟာ နာ့ဗ်ကြောတွေကို အား ကောင်းတဲ့အတွက် အလုပ်တစ်ခုခုကို ထပ်ခါတလဲလဲ လုပ်တတ်တဲ့ စိတ်စွဲလွန် ဝေဒနာ (OCD) ကို လျော့ကျစေ ပါတယ်။ ဆေးဝါးဗေဒဂျာနယ်ရဲ့ လေ့လာမှုအရ ဘူးသီးမှာ စိတ်စွဲ လွန်ဝေဒနာကို လျော့ကျစေတဲ့ အစွမ်းရှိတယ်လို့ သိရပါတယ်။
၆။ ကိုယ်အလေးချိန်ကို လျော့ကျ စေပါတယ်
ဘူးသီးမှာ ရေဓာတ် ၉၆ ရာခိုင်နှုန်း ပါဝင်တာကြောင့် ဘူးသီး ၁၀ဝ ဂရမ်စား တဲ့အခါ ၁၂ ကယ်လိုရီပဲ ရရှိပါတယ်။ဒါကြောင့် ကိုယ်အလေးချိန် လျော့ကျ စေတဲ့ အစားအစာ တစ်မျိုးအဖြစ် အသိအမှတ် ပြုထားပါတယ်။
၇။ အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်
ဘူးသီးမှာ သိုင်ယာမင်၊ ဗီတာမင်စီ၊ ဇင့်(သွပ်)၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ များ စွာ ပါဝင်တဲ့အတွက် အထွေထွေ ကျန်း မာရေးကို ကောင်းမွန်စေပါတယ်။
၈။ မျက်စိကျန်းမာရေးကို ကောင်းမွန်စေပါတယ်
ဘူးသီးမှာ ဘီတာကယ်ရိုတင်း ပမာဏများစွာ ပါဝင်တဲ့အတွက် မျက်စိအမြင် အာရုံကို ကောင်းမွန်စေပါတယ်။ ဘူး သီးဟာ အစာအိမ်ဝေဒနာ၊ အစာအိမ်အူ လမ်းကြောင်း ပိုးဝင်တာနဲ့ လိပ်ခေါင်းစ တာတွေကိုလည်း သက်သာစေ ပါတယ်။ ဘူးသီးမှာ သွေးတွေကို သန့်စင်စေတဲ့ အာနိသင်လည်း ရှိတာ ကြောင့် ရောဂါအ များစုကို တွန်းလှန်ပေးနိုင်ပါတယ်။
၉။ သွေးတွင်းသကြားဓာတ် ပမာဏကို လျော့ကျစေပါတယ်
သတင်းလေးများဆုံဆည်းရာ
~ခေါက်ဆွဲခြောက်ထုတ်များအား ရောနှောစားသုံးသင့်ဟု ပညာရှင်တို့အကြံပြု~
အသင့်စားခေါက်ဆွဲခြောက်ထုတ်
"လူတစ်ယောက်အတွက် နေ့စဉ်ပုံမှန်စားသုံးတဲ့ အစားစာထဲမှာ ပရိုတိန်း(၂၃)၊အဆီ(၂၈) ၊ ကာဗိုဟိုက် ဒြိတ်(၅၅)ရာခိုင်နှုန်းပါဝင်
လူတစ်ယောက်အတွက် ဆိုဒီယမ်ဓါတ် တစ်နေ့တာ လိုအပ်ချက်မှာ ၁၅၀၀ မီလီဂရမ်သာရှိကြောင်းနှင့် ခေါက်ဆွဲခြောက် တစ်ထုတ်တွင် ဆိုဒီယမ်ဓါတ် ၂၇၀၀ အထိ ပါဝင်နေသောကြောင့် ရေရှည်စားသုံးပါကအ၀လွန် ရောဂါစွဲကပ်နိုင်သည့်အပြင် သွေးတိုးရောဂါ၊ နှလုံးရောဂါနှင့် ကျောက်ကပ်ဝေဒနာရှင်များ စားသုံးရန် မသင့်လျော်ဟု ၎င်းက ဆက်ပြောသည်။
"အသင့်စား အစားအစာတွေက ကြာရှည်ခံအောင် ဓာတုပစ္စည်းတွေနဲ့ လုပ်ထားတဲ့အတွက် ကျန်းမာရေး အတွက် မကောင်းဘူးဆိုတာတော့ သိတယ် ဒါပေမယ့် ခေါက်ဆွဲပြုတ်စားရတာက အချိန်ကုန်လည်း သက်သာတယ် ငွေကုန်လည်းသက်သာတယ် ညဘက် အိမ်ပြန်ရောက်ရင် လွယ်လွယ်ကူကူ ခေါက်ဆွဲပဲ ပြုတ်စားလိုက်တာ များတယ် ခေါက်ဆွဲပြုတ်စားတာများရင်
အသင့်စား ခေါက်ဆွဲခြောက်များကို ဂျပန်နိုင်ငံတွင် အဓိကခေါက်ဆွဲခြောက် ထုတ်လုပ်သည့် Nissin Foods ကုမ္ပဏီတည်ထောင်သူ မိုမိုဖူကူအန်တိုက ၁၉၅၈ ခုနှစ်တွင် တီထွင်ခဲ့ခြင်းဖြစ်သည်။
၂၀၁၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းခေါက်ဆွဲခြောက်ထ
အသားအရေ ပျက်စီးရသော အကြောင်းရင်းနှင့် ပြန်လည် ပြုပြင်နည်းများ
ကောင်းမွန်လှပတဲ့ အရေပြား ဆိုတာအပြစ်အနာ အဆာ ကင်းပြီးချောမွေ့ တင်းရင်းနေ တာမျိုးပါ။ အသား အရေ ပျက်စီးပြီ ဆိုရင်တော့ အရေပြား ခြောက်သွေ့ နေတတ်တာ၊ ကြမ်းတမ်းတာ၊ ကွဲအက် လွယ်တာ၊ ဝက်ခြံပေါက်တာ၊ အရေးကြောင်း ပေါ်တာ၊ ကြည်လင် မှုမရှိတာစတဲ့ ပြဿနာတွေ ပေါ်လာပါ တော့တယ်။
အသားအရေ ပျက်စီးရသည့် အကြောင်းရင်းအသား အရေ ပျက်စီးစေတဲ့ အဓိက အကြောင်း ရင်းတွေရှိ ပါတယ်။ အဖြစ်များတဲ့ အရေပြား ပျက်စီးမှု တွေက တော့ နေလောင်ခြင်း နေပူထဲကို အကာအကွယ်မပါဘဲ ထွက်တာကြောင့် အရေပြားပျက်စီးစေ နိုင်ပါတယ်။ ကာကွယ်နိုင်စေရန် - မနက် ၁၀ နာရီ ကနေ ညနေ ၄ နာရီအတွင်းက နေရောင်ခြည်ထဲမှာ ပါဝင်တဲ့ ခရမ်း လွန်ရောင်ခြည် ကြောင့် အရေပြားကို ပျက်စီးစေနိုင် တဲ့အတွက် သင့်ခန္ဓာကိုယ်ကို နေရောင်ကာကွယ် တဲ့ SPF ၁၅ ဆလောက် ပါဝင်တဲ့ခရင်မ်ကို လိမ်းပါ။ ဒါမှမဟုတ် နေပူကို ကာ ကွယ်နိုင်တဲ့ အဝတ်အစားနဲ့ အသုံးအ ဆောင်တွေကို သုံးပါ။ ဆေးလိပ်သောက်ခြင်း ဆေးလိပ်သောက်တာကြောင့် အရေပြားကို အောက်ဆီဂျင်ရရှိမှုနည်းပြီး ကြာလာတဲ့အခါ အရေပြားပျက်စီးစေပါ တယ်။ အရေပြားမှာ အရေးကြောင်း ဖြစ်တာနဲ့ အရွယ်မတိုင်ခင်အိုမင်းတာဟာ ဆေးလိပ်သောက်သူတွေမှာ အဖြစ်များပါတယ်။ ကာကွယ်နိုင်စေရန် - ဆေးလိပ် မ သောက်ပါနဲ့။ ဆေးလိပ်သောက်တဲ့ ပတ်ဝန်းကျင်ကို ရှောင်ပါ။ ဆေးလိပ်သောက် သူဖြစ်ပါက ဆေးလိပ်ဖြတ်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေပါ။
အရေပြားကို ကြမ်းတမ်းစွာ ပွတ်တိုက်ခြင်း အရေပြားပေါ်ကို ကြမ်းတမ်းစွာ ပွတ်တိုက်တာမျိုးနဲ့ အရေပြားသန့်စင် ကြေးချွတ်တာကို ခဏခဏပြုလုပ်တတ် သူတွေမှာ အရေပြားဟာ အထိခိုက်မခံ တော့ဘဲ ဖြစ်လာတတ်ပါတယ်။ ကာကွယ်နိုင်စေရန် - တစ်နေ့တည်းမှာ ရေခဏခဏမချိုးပါနဲ့။ အရမ်းပြင်းလွန်းတဲ့ ရေချိုးဆပ်ပြာတွေနဲ့ ကြေးချွတ်ပစ္စည်း တွေကို ရှောင်ပါ။ ရေသုတ်ချိန်မှာ ညင်သာ ပါစေ။ အမွေးရိတ်ချိန်မှာ အထူးဂရုစိုက်ပါ။ ရေဓာတ်ပါဝင်တဲ့ ခရင်မ် ပုံမှန်လိမ်းပါ။ ကျန်းမာရေးနှင့် ညီညွတ်သော အစာမစားခြင်း ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စား သောက်မှုပုံစံကြောင့်လည်း အရေပြား ပျက်စီးစေနိုင်ပါတယ်။
ကာကွယ်နိုင်စေရန် - ဟင်းသီးဟင်းရွက်၊ သစ်သီး၊ ကောက်နှံနဲ့ ပြုလုပ်ထားတဲ့ မုန့်တွေနဲ့ ပရိုတင်းကြွယ်ဝတာတွေကို စားပါ။ ဈေးကွက်မှာ အလွယ်တကူ ရရှိနိုင်တဲ့ Fast Food တွေကို ရှောင်ပါ။ စိတ်ဖိစီးမှုများခြင်း စိတ်ဖိစီးမှုတွေကြောင့် ဝက်ခြံနဲ့ အရေပြား ထိခိုက်မှုတွေဖြစ်တတ်ပါတယ်။ ကာကွယ်နိုင်စေရန် - စိတ်ဖိစီးမှုကို တတ်နိုင်သမျှ တိုက်ထုတ်ပစ်ဖို့ပါပဲ။ လှုပ် ရှားရုန်းကန်နေရတဲ့ လူနေမှုဘဝထဲမှာ အတတ်နိုင်ဆုံး ပျော်အောင်နေပါ။ သူငယ်ချင်းတွေနဲ့ ရင်ဖွင့်ပြောဆိုပါ။ လူမှု ရေးအဖွဲ့အစည်းတွေထဲမှာ ကိုယ်တတ်နိုင် သလောက် ပါဝင်ကူညီပါ။
အသားအရေပျက်စီးလျှင် စားသင့်သည့်အစာများ
၁။ အခွံမာရေသတ္တဝါများ ကမာကောင်၊ ပုစွန်၊ ကဏန်း၊ ခုံး ကောင်စတဲ့ ရေသတ္တဝါတွေမှာ ဇင့်ဓာတ် ကြွယ်ဝကြပြီး အရေပြားပျက်စီးမှုကို ဖြစ် စေတဲ့ ဖရီးရယ်ဒီကယ်တွေကို တိုက်ထုတ် နိုင်ပါတယ်။
၂။ သခွားသီး
သခွားသီးမှာ သဘာဝ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေပါဝင်တြာေ
၃။ ငှက်ပျောသီး ငှက်ပျောသီးဟာ ဗိုက်ပြည့်လွယ်ပြီး
ကာဗိုဟိုက်ဒရိတ်ကြွယ်ဝတဲ့ အစားအစာ ပဲဖြစ်ပါတယ်။ ပုံမှန်စားနေကျ အစားအ စာတွေေ နရာမှာ အစားထိုး ပြီးစားလရှိတဲ့ အစာမျိုးလည်းဖြစ်ပါတယ်။ ငှက်ပျောသီး မှာ ဇင့်ဓာတ်ကြွယ်ဝပြီး၊ ဆံသားပျက်စီးမှု ကိုပါ ကာကွယ်နိုင်တဲ့ အာနိသင်ရှိပါတယ်။
၎။ ကိုက်လန် ကိုက်လန်ဟာ အစိမ်းရောင် အပင်မျိုးဖြစ်ပြီး
ဇင့်ဓာတ်ကြွယ်ဝကာ ကျန်းမာရေးအကျိုးပြု အရွက်ပဲဖြစ်ပါတယ်။ အရေပြားပျက်စီးမှုကို ပြန်လည်ကောင်းမွန်စေ တဲ့ ဖြည့်စွက်စာအဖြစ် စားပေးနိုင်ပါတယ်။
၅။ ပဲဖြင့် ပြုလုပ်သော စားကုန်များ ပဲနဲ့ ပြုလုပ်တဲ့ စားကုန်တွေဖြစ်တဲ့ တိုဟူးလို အစားအစာတွေမှာ ကယ်လ်စီယမ်နဲ့ ဇင့်ဓာတ်တွေကြွယ်ဝပြီး အရေပြား ပျက်စီးတာကို ပြန်လည်ပြုပြင်နိုင်ပါတယ်။
၆။ စတော်ဘယ်ရီ
စတော်ဘယ်ရီသီးမှာ ဇင့်ဓာတ်နဲ့ အရေပြားကို ပြုပြင်ပေးနိုင်တဲ့ salicylic acid ပါဝင်ပါတယ်။ ဇင့်ဓာတ်ချို့တဲ့မှုကို ကာကွယ်နိုင် တဲ့အပြင် အိမ်ထောင်ရေး သုခကိုလည်း ပြည့်ဝစေတဲ့ အသီးမျိုးဖြစ် ပါတယ်။
၇။ အာလူး
အာလူးမှာ ဗီတာမင် အေ၊ စီ၊ အီးနဲ့ ဇင့်ဓာတ်တွေပါဝင်ပါတယ်။ ဝက်ခြံပေါ်ကို အာလူးပါးပါးလှီးပြီး ကပ်ပေးရင် သက်သာစေပါတယ်။
၈။ ရွှေဖရုံသီး
ရွှေဖရုံသီးမှာ အိုမီဂါသရီး၊ ဗီတာမင် ဘီ၊ ကယ်လ်စီယမ်နဲ့ ပိုတက်စီယမ်တွေ ပါဝင်တာကြောင့် အရေပြားပျက်စီးမှုကို ပြုပြင်ပေးနိုင် တာပါ။
၉။ ထောပတ်သီး
အရေပြား ပြန်လည်ပြုပြင်ပေးနိုင်ဖို့
၁၀။ အစေ့အဆန်များ
အရေပြားချောမွေ့စေတဲ့ အစားအ အစာအဖြစ် လူသိများပြီး သရေစာအ ဖြစ် စားပေးပါ။
အသားအရေပျက်စီးခြင်းကို ပြန်လည်ကုသမှု
၁။ အလှကုန်ပစ္စည်းများ အခုခေတ်မှာ အရေပြားကို ပြန် လည်ပြုပြင်ပေးနိုင်တဲ့ အသားအရေထိန်း သိမ်းမှုပစ္စည်းတွေကို စိတ်တိုင်းကျ ဝယ် ယူလို့ရနိုင်ပါတယ်။ သင့်အသားအရေအ လိုက် ကျွမ်းကျင်သူနဲ့တိုင်ပင်ပြီ
၂။ အိမ်တွင်းကုထုံးများ ၀က်ခြံပေါက်ရင်။ ။ ဆော်ဒါမှုန့် တစ် ဇွန်းကို ပျားရည်တစ်ဇွန်း၊ ရေအနည်းငယ် နဲ့ရောပြီး မျက်နှာအနှံလိမ်းထားကာ တစ် နာရီလောက်ထားပြီး ရေဆေးချလိုက်ပါ။ တစ်ပတ်သုံးကြိမ်ပြုလုပ်ပေးပ
၃။ အခြားကုထုံးများ မျက်နှာလေ့ကျင့်ခန်းတွေ ပြုလုပ်ပေးပါ။ ရေဓာတ်ခန်းခြောက်မှုကြောင့် အရေ ပြားမထိခိုက်အောင် ရေ တစ်နေ့ ၆-၈ ခွက်သောက်ပါ။ ပြုံးရယ်ပါ။ တစ်ကိုယ်ရေ သန့်ရှင်းမှုနဲ့ ပုံမှန် အရေပြား သန့်စင်မှုကို ပြုလုပ်ပါ။ ညအိပ်ရာဝင်တိုင်း မိတ်ကပ်တွေကို ဖျက်ပါ။ နားလည်တဲ့ အရေပြားအထူးကုနဲ့ တိုင်ပင်ပြီး ကုသမှုခံယူပါ။
သဲသဲ
BY GOOD HEALTH






